သံယောဇဉ်ပိုမိုခိုင်မြဲစေ
တစ်ယောက်ကိုတစ်ယောက် အနမ်းပေးတာ စုံတွဲတွေမှာ သံယောဇဉ် ပိုမိုတိုးလာစေကြောင့် ကျွန်ုပ်တို့အားလုံး သိကြပါတယ်။ နမ်းလိုက်တဲ့အခါ သံယောဇဉ် ကပ်တွယ်သွားစေတဲ့ oxytocin ဟော်မုန်း ကို ထုတ်ပေးပါတယ်။
ကာမရသ ပိုမိုခံစားစေခြင်း
လိင်ဆက်ဆံခြင်းက နှလုံးအပြင် မိမိကိုယ်ကိုတန်ဖိုးထားခြင်းအတွက် အကျိုး ဖြစ်စေပါတယ်။ ပြီးတော့ နမ်းတယ်ဆိုတာဟာလည်း ကိုယ်လက်မနှီးနှောမီ လုပ်ရတဲ့ အဓိကအချက်ထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ နမ်းရှုပ်ခြင်းဖြင့် သာယာမှု ပိုရစေပါတယ်။
တံထွေးက နာမကျန်းဖြစ်ခြင်းကို သက်သာစေ
တံထွေးဖလှယ်ခြင်းဟာ အထူးသဖြင့် ချစ်ရည်လူးမှုတစ်လက် ဆက်ဆောင်ရွက်တဲ့အခါ ရောဂါပိုးတွေ တားဆီးကာကွယ်ဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ထို့ပြင် နမ်းရှုံ့ခြင်းက ကိုယ်ခံအားကောင်းမွန်စေတယ်။ မကြာမကြာ အနမ်းခြွေကြတဲ့ ချစ်တင်းနှီးနှောသူတွေဟာ ခုခံအား ပိုမိုကောင်းမွန်ကြပါတယ်။
လူကို ပျော်ရွှင်မှုရစေ
အနမ်းခြွေခြင်းက endophins တွေ ထုတ်လုပ်ပါတယ်။ အဲဒီ endophins က လူတစ်ယောက်ကို ပျော်ရွှင်အောင် လုပ်ပေးပါတယ်။ စိတ်ဓာတ်ကျနေပါက စိတ်ပညာရှင်ဆီ သွားခြင်း သို့မဟုတ် ဆေးဝါးများမှီဝဲခြင်းထက် အနမ်းခြွေခြင်းက ပိုမိုကောင်းမွန်တဲ့ဆေးတစ်ခွက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
နာကျင်ကိုက်ခဲမှုတွေ သက်သာရာရစေ
အပီအပြင် နမ်းရှုံ့နေကြစဉ် ခန္ဓာကိုယ်ကနေ ကိုက်ခဲမှုဝေဒနာလျှော့နည်းစေတဲ့ adrenaline ကို ထုတ်လွှတ်ပေးပါတယ်။ ခေါင်းကိုက်ဝေဒနာ ခံစားနေရတဲ့အချိန်မှာ တင်းတင်းလေးပွေ့ဖက်ထားရင်း တစ်ဦးကိုတစ်ဦး အနမ်းပေးကြပြီး အကိုက်အခဲဝေဒနာအတွက် အသုံးတည့်မတည့် လက်တွေ့စမ်းသပ်ကြည့်ပါ။
စိတ်ဖိစီးမှု လျော့နည်းစေ
တစ်နေ့တာကုန်ဆုံးလို့ နွမ်းလျပြီး ပင်ပန်းမှုဒဏ်ခံစားရတဲ့အခါ ဓာတ်ဖိစီးမှု ဟော်မုန်းဖြစ်တဲ့ cortisol ထွက်လာပါတယ်။ အနမ်းခြွေခြင်းက cortisol ပမာဏ လျော့နည်းစေပြီး ကိုယ်ခံအား တိုးမြင့်ပေးပါတယ်။
ကယ်လိုရီတွေ လောင်ကျွမ်းစေ
အနမ်းခြွေခြင်းက အပြေးလေ့ကျင့်ခန်းလောက် ကယ်လိုရီတွေ လောင်ကျွမ်းမယ့် အလားအလာမရှိပေမယ့် အစာခြေဖျက်အားကို ပုံမှန်ထက် နှစ်ဆ ပိုအားကောင်းစေပါတယ်။ Gym မဆော့ဖြစ်ပါက ဒါကို စိတ်မသိုးမသန့်မဖြစ်ဘဲ ဆောင်ရွက်နိုင်ပါတယ်။
ToTheTop
Credit: Trend Myanmar
0 အကြံပြုချက်:
Post a Comment