3:23 AM
0


ဒီတစ်ပတ် ဗေဒါရီရဲ့လက်ရာကတော့ အထူးပဲ ခံတွင်းမြိန်စေမယ့် ကျွဲကောသီး
သုပ်လေးပါနော်။
ပါဝင်ပစ္စည်းများ
ကျွဲကောသီး တစ်ခြမ်း
ပုစွန်ခြောက်မှုန့် အနည်းငယ်
ငါးပိကင် အနည်းငယ်
ငရုတ်သီးအလှော်မှုန့် ၁ ဇွန်း
ရသာပိုဆားမှုန့် အနည်းငယ်

ပြင်ဆင်ပုံ
ကျွဲကောသီးကို အမြွှာငယ်လေးတွေဖြစ်အောင် နွှာထားပါ။ ပုစွန်ခြောက်မှုန့်၊
ငါးပိကင်၊ ငရုတ်သီးအလှော်မှုန့်၊ ရသာပိုဆားမှုန့်တို့ကို ရောထည့်ပြီး သမအောင်မွှေပါ။
အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် ကျွဲကောသီးတွေနဲ့ရောပြီး အသာလေးရောနယ်ပါ။
အပေါ့အငန်စိတ်ကြိုက်ဖြစ်ရင် စားလို့ရပါပြီ။ အစပ်ကြိုက်ပြီး ရှူးရှူးရှဲရှဲ၊ အားပြဲလန်အောင်
စားချင်ရင်တော့ ငရုတ်သီးမှုန့်ကို ပိုထည့်ပါ။ ပုစွန်အသေးလေးတွေလှော်ပြီး ထည့်စားရင်လည်း
ကောင်းပါတယ်။ သူ့ချည်းပဲစားရင်လည်း ကောင်းသလို၊ ထမင်းနဲ့တွဲစားရင်လည်း
ကောင်းပါတယ်။ ခံတွင်းရှင်းစေတဲ့ အသုပ်လေးပဲ ဖြစ်ပါတယ်။

ToTheTop
Credit✏ mmtimes.com

0 အကြံပြုချက်:

Post a Comment