3:03 AM
0

တစ်စုံတစ်ယောက်နဲ့ တည်ကြည်လေးနက်တဲ့ ချစ်သူစုံတွဲဘဝ တစ်ခုထူထောင်ထားပြီး အရူးအမူးချစ်ကြိုက်နေကြသည့်တိုင် သူ/သူမဟာ မိမိဖူးစာရှင် အစစ်ဖြစ်မဖြစ်သိဖို့ ခဲယဉ်းပါတယ်။ စိတ်ချရပြီး မလွဲချော်နိုင်တဲ့ စမ်းသပ်မှုတွေ ဆိုတာမရှိပေမယ့် သူဟာ မိမိနဲ့ စိတ်တူကိုယ်မျှ လက်တွေဖော်ဖြစ်ကြောင်း ပြောပြနိုင်တဲ့ အမှတ်အသားတွေ ရှိပါတယ်။

၁။ အနာဂါတ်ကို အတူအိပ်မက်မက်ခြင်း

သင့်လက်တွဲဖော်နဲ့ အိမ်တစ်လုံး၊ ကလေးများ၊ အချစ်တော်အိမ်မွေးတိရိစ္ဆာန်တွေနဲ့အတူရှိနေတဲ့ အနာဂါတ်တစ်ခုကို စိတ်ကူးပုံဖော်ကြည့်မိပါသလား။ သင့်စိတ်က မကြာခဏ အဲဒီလို ဟိုယောင်ယောင်ဒီယောင်ယောင် ပျံ့လွင့်နေရင်၊ သင့်ခေါင်းထဲ ပုံဖော်စိတ်ကူးနေတဲ့ အရာကို သဘောကျမိတယ်ဆိုရင် သင်တွေးဆတာထက် အခြေနေက ပိုနေနိုင်ပါတယ်။

၂။ ဇာတ်လမ်းဆန်ဆန် သိပ်မရှိခြင်း     

ပုံမှန်ငြင်းခုံ စကားများခြင်းနဲ့ အသေးဖွဲသဘောထား ကွဲလွဲမှုတွေရှိကြပေမယ့် ရိုင်းပျပြောဆိုမှုများ သို့မဟုတ် နာကျင်စေတဲ့ မှတ်ချက်ပေးပြောဆိုခြင်းများ မရှိဘဲ ပြသနာများကို လူကြီးဆန်ဆန် သင် အမြဲဖြေရှင်းပါတယ်။ စိတ်ခံစားချက်တွေ အမြဲပြင်းထန်နေပြီး အမြဲတမ်း ဝရုန်းသုန်းကားဖြစ်နေပါက ရေရှည်မှာ သတိပြုပါ။

၃။ တစ်ဦးကိုတစ်ဦး အပြန်လှန်လေးစားမှုပေးခြင်း

ဘဝရဲ့ဦးစားပေး သတ်မှတ်ချက်များ မတူညီကြတာတောင် နောက်ဆုံး သင့် လက်တွဲဖော်ပြောင်းဖို့ စိတ်မကူးနိုင်ကြပါ။ သူ့ရဲ့တမူထူးခြားတဲ့ ပင်ကိုယ်စရိုက်လေးတွေနဲ့ အနှောင့်အယှက်ပေးနိုင်တဲ့ အပြုအမူများပင်လျှင် သင်လက်ခံရုံမက နှစ်သက် သဘောကျပါတယ်။

ထိပ်ဆုံးသို့(ToTheTop)
Credit : TrendMyanmar

0 အကြံပြုချက်:

Post a Comment