ဆန်းကြယ်လက်ထှာ :-D :-D ;-) :-P :-P
><><><><><><><><><><><><><><><><><><><><
ညီလေး ကိုယ့်ကို ဝက်သားနဲ့တစ်ပွဲပေး...
'''''''ဟျောင့် ဘောပဲ'''''''
ကျနော် ဆိုင်မှာ ဟင်းလှမ်းမှာနေတာကို ဘေးဝိုင်းက အသက် ၃၀ ဝန်းကျင်ရှိတဲ့လူတစ်ယောက် ကျနော့်ကို တည့်တည့်ကြီးကြည့်ပြီး
ဘာမဆိုင်ညာမဆိုင်ထဆဲလိုက်တဲ့ အသံကြောင့် ကျနော်တော်တော် ကြောင်သွားတယ် ... ဒေါသလည်းထောင်းခနဲထွက်သွားတယ်..ပြီးတော့မှာစိတ်ကိုအတတ်နိုင်ဆုံးထိန်ရင်း ...
''' ကျနော် ဘာအမှားများလုပ်မိလို့လဲ မသိဘူး ?? '''
''' ငါ ကြက်သားနဲ့စားနေတာ မင်းမမြင်ဘူးလား ?? ''''
လို့အဆိုပါပုဂ္ဂိုလ်က ပြန်မေးတော့ ချက်ချင်းဘာပြန်ပြောရမလဲမသိပဲနဲ့ ပြူးကြောင်ကြောင်နဲ့သူ့ကို ကြည့်နေတာကို ဘေးဝိုင်းက ပုဂ္ဂိုလ်ကစိတ်မရှည်တဲ့ပုံနဲ့ ...
'''ဟေ့ကောင် အခုမှအူကြောင်ကြားပုံစံနဲ့ လာလုပ်မနေနဲ့ မင်းခုနကဝက်သားဟင်းမှာလိုက်တာ ငါသေချာကြားလိုက်တယ်'''...
အဲ့တော့ မှကျနော်လည်း... အော် အခုငါကရန်ကုန်မှာမဟုတ်ဘူး နယ်ရောက်နေတာပဲဆိုတာကို ပြန်စဉ်းစားမိသွားတယ်.. တစ်ချို့နယ်တွေက အယူအရမ်းသည်းတာမျိုးလဲ ရှိတတ်တော့ အရမ်းအားနာသွားပြီး ...
''' ဩော် ကန်တော့ အကိုကြီး ဒီနယ်မှာ ဝက်သားစားတာကို ဘာသာရေးအရ တားမြစ်ထားတာ လားခင်ဗျ,,, ကျနော် တကယ် မသိလိုက်လို့ပါ '''
'''' ကျွတ်စ် .. ဘာတွေလျောက်ပြောနေတာလဲ ... ဘယ်သူမှတားမထားးဘူး .. မင်းဝက်သားနဲ့စားတာကို ငါ မကျေနပ်လို့ကွာ...ဆဲချင်လို့ကိုဆဲတာ ဘောဖြစ်လား?? ''''
''' ခင်ဗျား တော်တော်မိုက်ရိုင်းပါလား... ကျုပ်ကျေနပ်လို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကြိုက်တဲ့ဟာမှာစားတာပဲ... ကျုပ်ကိုယ်တိုင်ကျေနပ်ပြီး ဗိုက်ပြည့်သွားရင်ပြီးရောပေါ့ ... ခင်ဗျား စားတဲ့ပန်းကန်ကို ဒုတ်နဲ့ထိုးနေလို့လား ''''
အဲ့လိုကျနော်ဒေါသတစ်ကြီးနဲ့ ပြန်ပြောတော့မှပဲ သူက တစ်ချက်တွေတွေဝေဝေကြည့်ပြီး ..
"" နေစမ်းပါဦး ငါ့ညီကရော ဘယ်ရွာကလည်း?? မြို့ပေါ်ကမဟုတ်ဘူးလား ??
''' ကျနော်က ရန်ကုန်ကလေ... ဘာဖြစ်လို့လဲ... ခင်ဗျားတို့နယ်က မြို့ကလူတွေကိုကြည့်မရဘူးလား ?? '''
ထိုအခါမှအနှီပုဂ္ဂိုလ်ကြီးက အားရပါးရရီမောပြီး ...
''''' ဟားဟားဟား... ညီလေးကရန်ကုန်မှာနေ နေပြီးတော့ ဖြစ်မှဖြစ်ရလေကွာ ....ကိုယ့်ညီ အလုပ်လုပ်တာတော့ လုပ်တာပေါ့ကွာ... ပတ်ဝန်းကျင်ကိုလဲ လေ့လာရတယ် ... မျက်ခြေမပျက်စေနဲ့လေကွာ..... ''''
ဒီတစ်ခါတော့ ကျနော်လဲ စိတ်တော်တော် ရှုပ်သွားပြီး အဆီအငေါ်မတည့်တဲ့ရွာသားကြီးပြောနေတဲ့ စကားကိုတောင် ဆုံးအောင်ဆက်နားမထောင်နိုင်တော့ပဲ ...
''' ဟေ့လူ ခင်ဗျားဘာတွေလျောက်ပြောနေတာလဲ ..အခုခင်ဗျားပြောတာတွေနဲ့ ခင်ဗျားကျုပ်ကို ဆဲတဲ့ကိစ္စက ဘာဆိုင်လို့ တုန်း????
'''' ညီလေး ..ကိုယ်ပြောပြမယ် ...အင်တာနက်မှာ ဖေ့ဘွတ်ဆိုတာရှိတယ် ... အဲ့မှာ တစ်ခုခု ကိုယ်နဲ့ သဘောထားမတိုက်ဆိုင်တာတွေ့ရင် အဲ့လိုပဲအပြန်အလှန် မအေနှမကိုင်တုတ်ပြီး ဆဲကြတာကွ... အချင်းချင်းလဲစိတ်မဆိုးကြဘူး ... အစကတော့ အမြင်ရိုင်းတယ်ထင်မိပေမယ့် နောက်တော့ စိတ်ထဲဖြစ်တဲ့အတိုင်းဆဲတာဟာ ပြောင်းလဲလာတဲ့ခေတ်ရဲ့ ပွင့်လင်းတဲ့လူ့အခွင့်အရေးတစ်ခုဆိုတာ ရွာကလူတွေ တဖြည်းဖြည်းနားလည်လာတယ်.... အခုဆို ကိုယ်တို့ရွာကလူတွေအကုန်နီးပါး ဖေ့ဘွတ်သုံးကုန်ကျလို့ ဗဟုသုတတွေတောင် အတော်ရနေကြပြီ ...အားတိုင်းလည်းဖေ့ဘွတ်ပေါ် တစ်ပျော်တစ်ပါးကြီး တက်တက်ဆဲနေကြတာ ပျင်းတယ်လို့ကိုမရှိရဘူး.... အဲ့ဒါကလည်း ဗဟုသုတရအောင်ဆိုပြီး ရွာကလူတွေကို ဖေ့ဘွတ်သုံးတဲ့နည်းသင်ပေးတဲ့ ကျောင်းဆရာလေးရဲ့ ကျေးဇူးတွေလည်းပါတာပေါ့လေ ''''
''' အေးပါကွာ '''
''' ဘာလဲ ညေးကမယုံလို့လား ?? မယုံရင်ကိုယ်တို့ ရွာထဲကိုသွား... ညေး နဲ့အကြိုက်မတူတာတို့ စိတ်ထဲသဘောမတွေ့တာတို့ တစ်ခုခု တွေ့တာနဲ့ အားရပါးရသာဆဲ သက်လား... သူတို့လည်းစိတ်မဆိုးတဲ့အပြင် ညေးကို အားရအောင် ပြန်ဆဲလိမ့်မယ် '''' "" ဒီခေတ်မှာက သဘောထားကွဲလွဲရင် လွတ်လပ်စွာ ဆဲပိုင်ခွင့်ရှိတယ် ဆိုတာ ညေးသိရင်သိပ်ကောင်းမှာပဲ '''
''''''
'''' ပြီးတော့ ညေးလဲ ခေတ်မှီသွားအောင် ဖေ့ဘွတ်လေးဘာလေးသုံးလိုက်ဦး... စိတ်ပါရင်ကိုယ်တို့ရွာမှာ ဖေ့ဘွတ်ပါ တစ်ခါထဲဖွင့်သွား... မင်းတို့မြို့မှာ သောင်းဂဏန်းပေးရတယ်ကြားဖူးပေမယ့် ဒီမှာက ဖေ့ဘွတ်တစ်ခုကို ၅၀၀၀ ပေးရင်ရပြီ ... ခုနကလည်းကိုယ်က ကြက်သားကြိုက်ပြီး ညေးက ဝက်သားကြိုက်လို့ ဆဲလိုက်တာပါ ... လွယ်တော့မလွယ်ဘူး ဒါပေမယ့်ရိုးသားရတာပေါ့ ညေးယာ.... ပလုံပလန် ??''''
''' '''
Credit: ဝမ်းဘဲ Fun facebook စာမျက်နှာမှ ကူးယူမျှဝေပါသည်။
0 အကြံပြုချက်:
Post a Comment