(၂) ဖုန်း ringtone သံကြားတိုင်း၊ မက်ဆေ့တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမန်းကတမ်း ဖွင့်ကြည့်တတ်တယ်။ (သူမဟုတ်ဘူးဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ၀မ်းနဲသွားတယ်)……။
(၃) သူနဲ့ စိတ်ဆိုးစိတ်ကောက်တဲ့အချိန်တွေမှာ ထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာ ဆို့နေတတ်တယ်……။
(၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြုံကြုံ ဘယ်လို အခက်အခဲတွေပဲရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့စကားကို ကြားလိုက်ရရင် အနည်းနဲ့အများတော့ စိတ်သက်သာရာ ရသွားတတ်တယ်……။
(၅) တိုက်ဆိုင်မှုတစ်ခုခုရှိတိုင်း (သူနဲ့အတူတူ သွားခဲ့ဖူးတဲ့နေရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာတစ်ခုစားတိုင်း) သူ့ကို အရင်ကထက် ပိုပြီး သတိရသွားတတ်တယ်……။
(၆) သူ့ဆီက ဖုန်း၊ မက်ဆေ့ တစ်ခုခုလာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို မကြာခဏ ဖွင့်ကြည့်တတ်တယ်……။
(၇) သူ့ကို ဖုန်းဆက်လို့ သူ့ဘက်က ဖုန်းချလိုက်တဲ့အခါမျိုး၊ မအားသေးတဲ့အခါမျိုး၊ စက်ပိတ်ထားတဲ့အခါမျိုးမှာဆိုရင် ရင်ကို မီးစနဲ့ ထိုးလိုက်သလို ထိုင်မရ ထမရ ဖြစ်နေတတ်တယ်……။
(၈) သူနဲ့ မတွေ့ရလို့ သူ့ကိုလွမ်းတဲ့အခါတိုင်း သူနဲ့ပို့ခဲ့တဲ့ မက်ဆေ့အဟောင်းတွေကို ပြန်ဖတ်ပြီး အရူးတစ်ယောက်လို ရယ်ခဲ့ ပြုံးခဲ့ဖူးတယ်……။
(၉) သူ့မျက်နှာ ညှိုးနေတာကို မမြင်ချင်ဘူး၊ သူ အချိန်တိုင်း ပျော်ရွှင်နေတာကိုပဲ မြင်ချင်တယ်……။
(၁၀) သူ့ဘက်က အမှားတစ်ခုလုပ်မိလို့ ကိုယ့်ဘက်က စိတ်ဆိုးသွားတဲ့အခါမျိုးမှာ သူကတောင်းပန်လိုက်ရင် ကိုယ့်စိတ်က အလိုလိုညွတ်သွားတယ်၊ ကြာကြာစိတ်မဆိုးနိုင်ဘူး……။
(၁၁) သူက တစ်ခြားသူတွေအပေါ်မှာ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံတာမြင်ရင် သူ့ကိုသ၀န်တိုလာတယ်……။
(၁၂) ညဘက်ရောက်လို့ သူ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှ မပို့ဘူးဆိုရင် အိပ်မပျော်တဲ့အထိ ဖြစ်လာတယ်……။
(၁၃) အခု ဒီစာကို ဖတ်နေတဲ့အချိန်မှာ သင် သူ့အကြောင်းကို တွေးနေတယ်……။
အဲဒါဆိုရင်တော့ သေချာပြီ၊ သင် သူ့ကို မြတ်မြတ်နိုးနိုးနဲ့ တကယ် ချစ်မိသွားပြီ……
ToTheTop
Credit: Gorkha Tz
0 အကြံပြုချက်:
Post a Comment