12:47 AM
0

တနေ့သော် လူငယ် တစ်ဦးသည် လမ်းပိတ်နေသော အလွန် ကြီးမားသော ကျောက်တုံးကြီး တစ်တုံးကို သူတစ်ဦးတည်း တွန်းဖယ်၍ မရနိုင် ဖြစ်နေသည်။

ဤသည်ကို အဝေးမှ ကြည့်နေသော ဖခင်ဖြစ်သူ အနားသို့ ရောက်လာပြီး ရောက်လာပြီး "မင်း ဒီကျောက်တုံးကို ဖယ်ထုတ်ဖို့ အစွမ်းကုန် ကြိုးစား ကြည့်ပြီးပြီလား"

"ဟုတ်ကဲ့၊ ကြိုးစားပြီးပါပြီ"

ထိုအခါ ဖခင်က အေးဆေးသော အမူအရာဖြင့် "မှားတယ်၊ မင်း အစွမ်းကုန် မကြိုးစားရသေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါကြည့်နေတယ်၊ အခုအချိန်အထိ မင်းဘယ်သူ့ကိုမှ ယုံယုံကြည်ကြည်နဲ့ အကူအညီ မတောင်းရသေးဘူး"

ဖခင်ပြောသည်မှာ အမှန်ပင် အကူအညီ ယူ၍ ပြိုင်တူ တွန်းလျှင် ကျောက်တုံးကြီး ရွေ့သွားမှာ သေချာသည်။

တခါတရံ တစ်ဦးတည်း မစွမ်းသည် သေချာပါက ကူညီသူ ရှိရပေမည်။ ယင်းအချက်ကိုကား မမေ့လျော့သင့်ပေ။ ။

ToTheTop
Credit>>ရိုးရာလေး

0 အကြံပြုချက်:

Post a Comment