3:40 AM
0

သက်ကြီးစုံတွဲတစ်တွဲဟာ သူတို့ရဲ့ ၇၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် 
ခမ်းနားတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာ သွားစားကြပါတယ်။
ညစာစားပြီးချိန်မှာ အမျိုးသားကြီးဟာ ဇနီးသည်အမျိုးသမီးကြီးကို အပျော့ပျောင်းဆုံး လေသံနဲ့
မေးခွန်းတစ်ခု မေးလိုက်ပါတယ်။
"အချစ်ရေ ..မင်းကို မဖြစ်မနေ ကိုယ်မေးရမယ့်ကိစ္စ ရှိတယ်ကွယ်။ ကိုယ်တို့ရဲ့
၁၀ ယောက်မြောက် ကလေးက တခြားကလေးတွေနဲ့ နည်းနည်းလေးမှကိုမတူတာ
ကိုယ့်အတွက် အမြဲမေးခွန်းထုတ်စရာ ဖြစ်နေတယ်။ အခု ကိုယ်ပြောချင်တာက ဒီ ၇၅ နှစ်
အတွင်းမှာ အရမ်းကောင်းတဲ့အတွေ့အကြုံတွေ ကိုယ်ရခဲ့တယ်ဆိုတာပဲ။ ဒါပေမဲ့
နောက်ဆုံးမွေးထားတဲ့ကလေးဟာ တခြားကလေးတွေနဲ့ အဖေအတူတူပဲလားဆိုတာ
ကိုယ်သိရမှဖြစ်မယ်"
အမျိုးသမီးကြီးဟာ ခေါင်းငိုက်စိုက်ကျသွားပြီး ခင်ပွန်းသည်ရဲ့မျက်လုံးတွေကို မကြည့်ရဲတော့ဘဲ
တစ်ခဏတာ ငြိမ်သက်သွား ပါတော့တယ်။ ပြီးတော့မှ ၀န်ခံပြောဆိုပါတော့တယ်။
"ဟုတ်ပါတယ်။ သူဟာ တခြားကလေးတွေနဲ့ အဖေမတူပါဘူး" အမျိုးသားကြီးဟာ
တုန်လှုပ်သွားပြီး တကယ်တမ်း ဇနီးသည်ဝန်ခံလိုက်ချိန်မှာ မျက်ရည်မဆည်နိုင်အောင်
ဖြစ်သွားပါတော့တယ်။"ဒါဆို ကလေးအဖေက ဘယ်သူလဲ"
ဒီတစ်ကြိမ်မှာလည်း အမျိုးသမီးကြီးဟာ အဖြေပေးနိုင်ဖို့ အချိန်အတော်ကြာယူလိုက်ပြီးမှ
ပြောလိုက်တာက
"သူ့အဖေက ရှင်ပါပဲ"

ToTheTop
Credit>>mmtimes.com

0 အကြံပြုချက်:

Post a Comment