ယောကျာ်းတွေနဲ့ မိန်းမတွေရဲ့ နှလုံးသား ကြီးထွားပုံချင်းဟာ သိသိသာသာ မတူကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီလို ကွဲပြားချက်ကို လေ့လာတွေ့ရှိတာဟာ ဒါပထမဆုံးအကြိမ်ပါ။ ယောကျာ်းတွေနဲ့ မိန်းမတွေမှာ တွေ့ရတဲ့ နှလုံးပုံစံ ခြားနားချက်နဲ့ ပတ်သက်ပြီး အလင်းပြနိုင်ခဲ့တာပါ။
ဒါဟာ လိင်ကွဲပြားမှုကိုလိုက်ပြီး ကုသမှုတွေလုပ်ဆောင်ဖို့ရာ ဦးတည်သွားနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။ Johns Hopkins တက္ကသိုလ် သုတေသီ တွေဟာ အရွယ်ရောက်ပြီးသူ ၃၀၀၀ ခန့်ရဲ့ နှလုံးကြီးရင့်ကြီးထွားလာမှုကို MRI Scans တွေနဲ့ လေ့လာသုံးသပ်ခဲ့ပါတယ်။
လိင်ပေါ်မူတည်ပြီး နှလုံးကြီးရင့်မှုပိုင်းမှာ ဘာကွာတယ်ဆိုတာကို လိုရင်းပဲရှင်းပြနိုင်ခဲ့ပါတယ်။
“ယောကျာ်းနဲ့မိန်းမတွေမှာ ရောဂါဗေဒဆိုင်ရာ ပျက်ယွင်း ဇီဝကမ္မ (Pathophysiology) မတူညီကွဲပြားနိုင်တဲ့ နှလုံးရောဂါ အပေါ် အယူအဆကို ကျွန်တော်တို့ရလဒ်တွေက ပြသနိုင်ခဲ့ပါတယ်။ ဒီလို အရေးကြီးတဲ့ ဇီဝဗေဒဆိုင်ရာ ကွဲပြားမှုတွေပေါ်လိုက်ပြီး ကွဲပြားတဲ့ ကုသမှုတွေကိုလည်း လုပ်ရမှာပါ။” လို့ Johns Hopkins ဆေးတက္ကသိုလ်မှ ဦးဆောင်သုတေသီ Joao Lima ကပြောခဲ့ပါတယ်။
ToTheTop
Credit : Thithtoolwin
0 အကြံပြုချက်:
Post a Comment