ဥပမာ ။ ။ ကောင်းမလေးတစ်ယောက် က သူချစ်သူလေးကို မေးတယ်
ကို.မှာ အရင်က ချစ်သူ ရည်စား ရှိဖူးလား????
ကောင်းလေးက ပြန်ဖြေတယ်.။
မရှိပါဘူး.။ ကောင်မလေးက ပြုံးသွားတယ်..ပျော်သွားတယ်ပေါ့ဗျာ.။နောက်တစ်ခု ထပ်မေးတယ်. ကို. မှာ သူငယ်ချင်း ကောင်းမလေးတွေ ရှိလား???.. ကောင်းလေးက ရိုးရိုးသားသားပဲ ရှိပါတယ်ပေါ့.ဘယ်သူကို ဘယ်လောက်ခင်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြတယ်.။ဒါကို ကောင်မလေးက စတင်ပြီး နှုတ်ခမ်းစူ လာပြီး. ကောင်လေးက ထပ်ပြောတယ်..။သူငယ်ချင်းကောင်းမလေးတစ်ယောက်ကို ဆို ရင် ကိုက အရမ်းခင်တာ.. သူအတွက်နဲ့ ရန်တောင်ဖြစ်ဖူးတယ်ပေါ့.. ကောင်းလေးက ရိုးရိုးသားသားပါပဲ ပြောပြတယ်.။ ဒီမှာ ကောင်မလေးက စတင်ပြီးကောက်ပါပြီး.။စကားမပြောတော့ဘူး.။ ကောင်လေးက စဉ်စားတယ် ဘာဖြစ်လို့ကောက်တာလဲပေါ့.သူက ရိုးရိုးသားသားဟုတ်မှန်ကြောင့် ဖွင့်ပြောတာကို..။
ဒီအကြောင်းရာလေးကို ပဲ နောက်ရူထောင့်တစ်ခုကနေ ထပ်တွေးမယ်.။
တကယ်လို့ ကောင်းလေးက လိမ်ပြီး သူငယ်ချင်းကောင်းမလေးလည်း မရှိပါဘူး..လို့ပြောရင် ကောင်းမလေးလည်း စိတ်ကောက်မှာမဟုတ်ပါဘူး၊မိန်းကလေးတွေနဲ့ ကင်းရှင်းပါတယ်ပေါ့.။ ဒီလို ချစ်သူတခဏတာပျော်ဖို့ လိမ်လည် ပြောဆိုမယ်ဆိုရင် ကောင်းမလေး ပျော်သွားမှာပါ.။ ဒါပေမယ့် ရေရှည်တော့ ကောင်းမှာ မဟုတ်ပါဘူး.။ ဒါကြောင့် ချစ်သူနှစ်ဦးက တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း ပြောဆို သင့်ပါတယ်.။ နောက်တစ်ချက်.. ချစ်သူတွေ ဖြစ်လာကြတော့ အခေါ်ဝေါ်လေးတွေ ရှိလာကြတယ်..။ တစ်ချို့က မောင်..တစ်ချို့က ကိုကို..တစ်ချို့က အသဲလေး.ချစ်လေး.ချစ်တုန်းလေး မေ.၊မမ.။စသည်ဖြစ်ပေါ့..။ ချစ်သူရည်စား ဘဝတုန်းက ခေါ်လို့ ကောင်းကြပါတယ်.။ နောက်ပိုင်း ကြတော့ မင်းက ၊ငါက ၊ရှင်က..၊ယောကျာ်းရေ..၊မိန်းမရေ..နဲ့ အခေါ်ဝေါ်တွေ ပြောင်းလဲသွားကြပါတယ်.။
ဒီနေရာမှာ ကိုယ်ချစ်သူကို တစ်သက် လုံး မပြောင်းလဲတဲ့ အခေါ်ဝေါ်နဲ့ ခေါ်လို့ရတဲ့ နာမည်ကို ချစ်သူရည်စား ဘဝထဲက သတ်မှတ်ပြီး ခေါ်တာ အကောင်းဆုံးလို့ထင်ပါတယ်.။နောက်ပိုင်း အခေါ်ဝေါ်တွေ ပြောင်းလဲလာတော့..သူက ငါကို ရည်စားဘဝတုန်းကလောက် မချစ်တော့..ဘူး.။မကြင်နာတော့ဘူး စသည်ဖြစ် တစ်ယောက်နဲ့တစ်ယောက် အပြစ်မြင် ပြောဆို လာတက်ကြပါတယ်.။ ဒါကြောင့် ချစ်သူဘဝထဲက တစ်သက်လုံးခေါ်ဝေါ်လို့ ကောင်းမယ် နာမည်မျိုးကို ရွေးချယ်သတ်မှတ် ခေါ်တာ အကောင်းဆုံးပါ။ နောက်တစ်ချက်.။ စိတ်ကောက်တဲ့ အကြောင်းပါ .ဒီကိစ္စမှာ မိန်းကလေးတွေက အများဆုံးအဖြစ်များကြပါတယ်။
ချစ်သူကို စိတ်ကောက်ကြတယ်.။အချောခံချင်တာလည်းပါတယ်။ကိုယ်ချစ်သူ ဘယ်လောက်ချစ်ကြောင်း သိချင်တာလည်း ပါတာပေါ့။ ဒါက အမြဲတမ်းကြီးတော့မကောင်းပါဘူး.။အထူးသဖြစ် အွန်းလိုင်းပေါ်မှာ ပိုဆိုးပါတယ်။ချစ်သူက စိတ်ကောက်နေတယ်.။ လိုင်းက ကျလိုက်တက်လိုက်နဲ့ ချော့ချင်ရဲ့သားနဲ့ မချော့ နိုင်.။ကောင်းမလေးက သူကို ဂရုမစိုက်ဘူး ဆိုပြီး ထပ်ပြီးစိတ်ကောက်.။ ပတ်ချာတွေ လည်ရော..။ဘယ်သူကို ဒေါသထွက်လို့ ထွက်ရ မှန်းမသိ.။ဒီလို ဒီလို တွေ များလားရင် တစ်ယောက်နဲ့ တစ်ယောက် အပြစ် မြင်လာတက်ကြပါတယ်.။ ဒါကြောင့် ချစ်သူရည်စားကို အမြဲတမ်းကြီး စိတ်မကောက်ပါနဲ့.။ နောက်တစ်ချက် ..အဲ..ပြောရင်တော့ အများကြီးပဲဗျ.။
နောက်ပိုင်း အဆင့်သင့်လျှင့် ထပ်ပြီး ရေးသား ဆွေးနွေးသွားအုံးမယ်။ အပေါ်က အချက်တွေနဲ့ပတ်သတ်ပြီး ကဗျာ လိုလို ဘာလိုလို လေး ရေးဖြစ်လိုက်တယ်..။ ချစ်သူ ..... ရိုးသားစွာဖြင့် ချစ်မယ်.။ အလိမ်ညာပလီပလာတွေ ၊မာယာတွေ နဲ့ ပျိုးခင်းထားတဲ့ ပန်းတစ်ပွင့်ကို မင်းရင်မှာ မပန်းပေးချင်ဘူး..။
ချစ်သူ..... တစ်ခါတစ်ခါ ရိုးသားမှု့က နားခါးတယ်.။ ခံစားလို့ မကောင်းဘူး.။ မုသားမပါ လင်္ကာမချောတဲ့.. မုသားသုံးရင် မင်းပျော်နေမယ်. မင်းခံစားလို့ကောင်းမယ်.. ဒီအပျော်..ဒီခံစားမှု့မျိုး..နဲ့ မင်းပျော်နေတာ မမြင်ချင်ပါဘူး.။ ချစ်သူ... ပွင့်လင်းတဲ့ အဖြူရောင် စိတ်ဓါတ်တွေနဲ့ အချစ်တွေကို.. မွေးဖွားမယ်.။ ဒီရင်ဘတ်ကို ဟင်းလင်းဖွင့်ထားတယ်..။ အပုတ်သိုးတွေလည်းရှိမယ်.. အနွမ်းတွေလည်းး ရှိမယ်.။ အကောင်း အဆိုးဒွန်တွဲနေမယ်..။ ဟန်မဆောင်ဘူး.. မလိမ်ညာဘူး... ဒီရင်ကို ဟင်းလင်းဖွင့်ထားတယ်. မြင်သာအောင်..ကြည့်ပါ..။
ToTheTop
Credit : dankankyo
0 အကြံပြုချက်:
Post a Comment