၁။အာရုံနောက်စရာ၊ စိတ်ရှုပ်စရာ ၊ ရှုပ်ထွေးမှုတွေကနေ ကင်းလွတ်သွားပြီ။
သင့်ချစ်သူ သင့်ကိုညာနေကို သိရက်နဲ့ မသိချင်ယောင် ဆောင်ပေးစရာ မလိုတော့ဘူး။ ချစ်သူရည်းစားနဲ့ ရန်တွေဖြစ် စကားနိုင်လုနေရတာမျိုးလည်း မရှိတော့ဘူး။ နာကျင်စရာတွေ ခံစားနေရလို ငိုယိုနေရတာမျိုးတွေနဲ့လည်း ကင်းဝေးသွားပြီ။ သင့်ကောင်လေးနဲ့ အီစီကလီဖြစ်နေတဲ့ အခြားသူတွေကိုလည်း လိုက်ပြီး မနာလိုသ၀န်တိုနေရတာမျိုးတွေ မဖြစ်တော့ဘူး။ တစ်နေရာသွားတော့မယ်ဆို ခွင့်ပြုချက်တောင်းခံနေစရာ မလိုတော့ဘူး။ ကိုယ်ဝတ်ချင်တာ ၀တ်နိုင်ပြီ။ စားချင်တာလည်း စားနိုင်ပြီ။ ကဲ ဘယ်လောက်မိုက်သလဲ။
၂။အချိန်တွေအကုန်ခံ၊ လူပင်ပန်း စိတ်ပင်ပန်းခံစရာမလိုတော့ဘူး။ မပေးနိုင်တဲ့ ကတိတွေပေးပြီး အတင်းကြိုးစားအားထုတ်နေစရာမလိုတော့ဘူး။
ချစ်သူနှစ်ဦး တွဲလာတာ အချိန်နည်းနည်းကြာပြီဆိုတာနဲ့ အိမ်ထောင်ပြုဖို့ ဘေးပတ်ဝန်းကျင်ကပြောလာမယ်။ မိဘတွေက ပြောလာကြပါလိမ့်မယ်။ နှစ်ယောက်သား အိမ်ထောင်ရက်သားကျပြီဆို ချစ်သူရည်းစားဘ၀ထက် တာဝန်တွေ ပိုများလာပါပြီ။ ပိုပင်ပန်းလာပါလိမ့်မယ်။ ကတိတွေပေးထားတဲ့အတိုင်း ကြိုးစားလုပ်ဆောင်ရတာတွေ ရှိလာပါမယ်။ ကလေးယူမယ်ဆို ပိုလို့တောင် ဆိုးပါသေးတယ်။ ကိုယ့်အလုပ်တွေကိုပစ်ပြီး ကလေးအနားမှာ နေကိုနေပေးရပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားပြီးချိန်လည်း အရင်လို အလုပ်တွေလုပ်ဖို့ဆိုတာ မလွယ်သေးပါဘူး။ နောက်ပိုင်းကျရင်ရော သင့်အတွက် ပျော်ရွှင်ရတာထက် စိတ်ပင်ပန်းရတာ၊ အလုပ်ပင်ပန်းရတာတွေနဲ့ ပျော်ရတာထက် ပင်ပန်းမှုဒဏ်ကို ပိုခံရဦးမှာပါ။ ဒါက အခြားစီးပွားရေးအခြေအနေတွေ မပါသေးပါဘူး။ အိမ်ထောင်ရေးကိုသာ ပြောသေးတာပါ။ အခြားလူမှုရေးကိစ္စတွေ၊ စီးပွားရေးကိစ္စတွေကြား ကိုယ့်အိမ်ထောင်ဖက်နဲ့ အရမ်းအဆင်ပြေတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ မဟုတ်ပဲ သူနဲ့ကလည်း ပြသနာတွေတက်တယ်၊ သည်းမခံနိုင်ဘူး၊ မကြာခဏရန်ဖြစ်နေရတယ်ဆိုရင်တော့ အိမ်ထောင်ပြုတာထက် တစ်ယောက်တည်း နေရတာ ပိုမကောင်းဘူးလား။
၃။တစ်ယောက်တည်း တစ်ကိုယ်တည်းဘ၀မှာ သင်အပြည့်အ၀ပျော်ရွှင်နိုင်ပါလိမ့်မယ်။
လူတွေက တစ်ယောက်တည်းလားလို့မေးတဲ့အခါ သင့်အောင့်သက်သက်ခံစားရတာ အချိန်တစ်ခုပါပဲ။ အဲ့ဒီနောက် ဆက်တိုက်သင်ခံစားနိုင်မယ့် ပျော်ရွှင်မှုတွေကတော့ မရေမတွက်နိုင်အောင်ပေါ့။ သင့်ဘ၀မှာ သင်သာ ဘုရင်ဖြစ်တယ်။ သင့်စိတ်ကူးအိပ်မက်တွေကို သင့်စိတ်ကြိုက် ပုံဖော်ခွင့်ရှိလာတယ်။ သင်ရှာတဲ့ ပိုက်ဆံကို သင်ကိုယ်တိုင်သုံးတယ်။ သင့်စိတ်ကြိုက်ဘ၀ကို နေထိုင်လာနိုင်တယ်။ သင့်ဘေးနားလိုတာ သူငယ်ချင်းကောင်းတွေပေါ့။ မိသားစုရယ်၊ သူငယ်ချင်းကောင်းတွေသာ သင့်ဘေးနားရှိရင် ရည်းစားမရှိပဲ တစ်ယောက်တည်းနေခြင်းဟာ သင့်အတွက် လစ်ဟာမှုလို့ မခံစားရတော့ပဲ သုခချမ်းသာပါလားလို့တောင် သင်ခံစားရလာပါလိမ့်မယ်။
ToTheTop
credit>> ဖိုးသူတော်(PhoThuTaw.com)
0 အကြံပြုချက်:
Post a Comment